ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ ပိုမိုတင်သွင်း

Mon, 01/23/2017 - 08:45 -- admin_ygn

ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေး စခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၂၁၃၄၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၁၀၄၄၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၀၉၀၄ စီး ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ ပိုမိုတင်သွင်းခဲ့ခြင်းမှာ မူဆယ် ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ် ရေးဇုန်များမှ ဆိုင်ကယ်များ ပိုမို တင် သွင်း သောကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
တင်သွင်းမှုကိုကြည့်ပါက မူဆယ် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၇၂ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၉၈၈၅ စီး၊ မြဝတီကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၄၄၅ စီး၊ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၉ စီး တင် သွင်းခဲ့ပါတယ်။မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင် ကယ်အပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၉ သန်းတန်ဖိုးရှိ သုံးဘီး ဆိုင်ကယ် ၂၃၇ စီးကို တင်သွင်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

 

Border Trade News

Pages