သကြားတင်ပို့မှု ထက်ဝက်လျော့ကျ

Fri, 08/05/2016 - 06:12 -- admin_ygn

      ဇူလိုင်တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၂၁ သန်း တန်ဖိုးရှိ သကြား ၂၂၀၃၇ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၅၂၁၉ တန်အထိ တင်ပို့မှုရှိခဲ့လို့ ယခုတစ်ပတ် သကြားတင်ပို့မှု ထက်ဝက်ခန့်လျော့ကျသွားခဲ့တာတွေ့ ရပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားဈေးမှာ တစ်တန်လျှင် ရှစ်သိန်း သုံးသောင်းကျပ်ရှိနေပြီး တစ်ဖက်နိုင်ငံတွင် ၅၀ ကီလိုတစ်အိတ်လျှင် ၂၃၈-၂၄၀ ယွမ်အထိဈေးရှိနေတယ်လို့ သိရပါတယ်။
      မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁  ဒသမ ၈၉၈ သန်းတန်ဖိုးရှိ သကြား ၃၄၅၁ တန်ခွဲ တင်သွင်းခဲ့ပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ဇူလိုင် ၂၅ ရက်တွင် သကြား(ရှယ်) တစ်ပိဿာ ကို  ၁၂၅၀-၁၂၆၀ ကျပ် ဈေးရှိပြီး (ရိုးရိုး) တစ်ပိဿာကတော့ ကျပ် ၁၁၀၀ ဈေးခန့်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

 

မော်မော်အောင်

Border Trade News

Pages