လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော ပိုမိုတင်ပို့

Fri, 12/08/2017 - 05:27 -- admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၄၀၀  တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၃၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်ကတင်ပို့ခဲ့တဲ့ တန် ၁၆၀ နဲ့နှိုင်းယှဉ်ပါက ၁၇၆ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၉၂၂၄၀ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၅ တန်ကို တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂၅ တန်နဲ့နှိုင်းယှဉ်ပါက ၁၀ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်သျှူးငှက်ပျောစိုက်ခင်းများအတွက် မြေဧကအများအပြားကို ဝယ်ယူလျက်ရှိ ကြောင်း ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။

 

မော်မော်အောင်

Border Trade News

Pages