လားရှိုးဈေးကွက်မှာပြောင်းဈေးငြိမ်သော်လည်း အရောင်းအဝယ်အေး

Fri, 08/25/2017 - 03:47 -- admin_ygn

          ယခုတစ်ပတ်မှာလည်း လားရှိုးဈေးကွက်မှာ ပြောင်းဈေး အတက်အကျမရှိခဲ့ဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ရက်သတ္တသုံးပတ်ဆက်တိုက် ဆက်လက်ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးအနေနဲ့  တစ်ပိဿာ ကျပ် ၅၀၀ (တစ်တန်ကျပ် ၃၀၆၁၉၀)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ပိဿာချိန် ၃၀၄၄၈၀၀ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ပိဿာချိန် ၂၈၀၃၃၆၀ သာရှိတာကြောင့် ယခင်တစ်ပတ်ထက် လျော့ နည်းပြီး အရောင်းအဝယ်အေးနေ ကြောင်း သိရပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ပြောင်းတစ်ပိဿာ ၂၉ ကျပ်ရှိကြောင်းလည်း သိရပါတယ်။

 

ဇော်ဝင်း

Border Trade News

Pages