နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၀၉၁၃၅၃ တန်ဖိုးရှိမြေသြဇာ ၂၃၀၇၁ ဒသမ ၀၉၈ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တ ရုတ်နိုင်ငံမှ ၂၀၉၂ ဒသမ ၈၀ တန်၊ ဂျာမနီနိုင်ငံမှ ၂၅၁၃ တန်၊ အိန္ဒိယနိုင်ငံမှ ၂၀ ဒသမ ၇၅ တန်၊ အီရန် နိုင်ငံမှ တန် ၁၀၅၀၊ ဂျပန်နိုင်ငံမှ ၁၀၀၂၀ ဒသမ ၉၂ တန်၊ မလေးရှားနိုင်ငံမှ ၄၈၈ ဒသမ ၆၀တန်၊ နော်ဝေနိုင်ငံမှ ၁၄၇ ဒသမ ၉၃ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၃၄၄ တန်၊ ရုရှားနိုင်ငံမှ တန်ချိန် ၅၀၀၊ ထိုင်းနိုင်ငံမှ ၄၀၅၀ ဒသမ ၆၀ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၈၁၆ ဒသမ ၅၀ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၁၂၈၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ မြေသြဇာတန်ချိန် ၁၀၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ ဇင့်ဆာလဖိတ်၊ နိုက်တြိုဂျင်၊ ပိုတက်၊ အာမို ၁၆း၁၆း၈၊ ယူရီး ယား(၁၅း၁၅း၁၅) ၊ ယူရီးယား(၁၅း၁၅း၁၅- နေရွက်လှေ)၊ ကွန်ပေါင်း (၁၂း၁၁း၁၈)၊ ဓာတ်ဆား၊ အာမို၊ အော်ဂဲနစ်တို့ဖြစ်ပါတယ်။
သီတာဝင်း (DOT)