မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဩဂုတ်ပထမပတ်တွင် ရေထွက်ကုန် ပိုမိုတင်ပို့

Thu, 08/18/2016 - 09:01 -- admin_ygn

     မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ ဩဂုတ်လ ပထမပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၉၄၇ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းမျိုးစုံတန်ချိန်၂၄၅၀ခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါ တ ယ်။ ဇူလိုင်နောက်ဆုံးပတ် အတွင်း တန်ချိန် ၂၄၀၂ တန်သာ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ် ပတ်မှာ ၄၈ တန် ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေး စခန်းများမှသိရပါတယ်။ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းအလိုက် တင် ပို့မှု အခြေအနေကို ကည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ငါးရှဉ့် ပုစွန်စုစုပေါင်း တန်ချိန်၈၅ တန်ခန့် ကိုလည်းကောင်း၊ ကော့သောင်းကုန် သွယ်ရေးစခန်း မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၆ သန်းတန်ဖိုးရှိ  ငါး မျိုးစုံ၊ ကင်းမွန်၊ပုစွန်၊ကဏန်းနဲ့အခြား ရေထွက်ပစ္စည်းတို့ကို စုစုပေါင်း တန်ချိန် ၇၉၉ တန်ခန့်နဲ့ မြိတ်ကုန်သွယ်ရေး စခန်း မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ အေးခဲပုစွန်၊  အေးခဲကဏန်းပျော့၊ ရေငန်ပုစွန်၊ ပုစွန်ခြောက်၊ ငါး ခြောက်၊ ငါးအသားလွှာ၊ ကဏန်းသေး (အသေ) ကင်းမွန်တို့ကို စုစုပေါင်း တန်ချိန် ၁၅၆၆ ခန့်အသီးသီး တင်ပို့ နိုင်ခဲ့တယ်လို့ သိရ ပါ တယ်။

 

ခင်မိုးသူ

Border Trade News

Pages