မူဆယ်မှ သကြားပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ သကြားလျော့နည်းတင်ပို့

Fri, 12/08/2017 - 06:09 -- admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင် ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ Re-export သကြား ၁၆၉၂၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တန် ၁၃၀၄၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈၈၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၀၂ သန်းတန်ဖိုးရှိ Re-export သကြား တန် ၁၀၈၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန်၂၀၀၀ နဲ့ နှိုင်း ယှဉ်ပါက တန်ချိန် ၉၂၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။
         မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ယခင်တစ်ပတ်ကကျပ် ၇၉၉၈၂၀ ဈေးရှိရာမှ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်မှာ ကျပ် ၈၄၀၄၂၀ သို့ လည်းကောင်း၊ တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၉၄၀ ရှိရာမှ ယွမ် ၄၁၄၀ သို့လည်းကောင်း ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ 

 

မော်မော်အောင်

Border Trade News

Pages