နိုဝင်ဘာလအတွင်းနို့ဆီ တန်ချိန် ၈၀၀ ကျော်နဲ့ နို့မှုန့်တန်ချိန် ၇၀၀ နီးပါးဝင်

Thu, 12/15/2016 - 07:56 -- admin_ygn

        နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ  နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို  ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း  ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့  နို့ဆီတန် ချိန် ၁၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၉၅၉၄၀၆ တန်ဖိုးရှိ  နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပိုလန်၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား နဲ့ ဂျာမနီ နိုင်ငံများမှတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ေ အာက်တိုဘာလအတွင်း တင်သွင်းခဲ့တဲ့ နို့မှုန့်တန်ချိန် ၇၀၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန်  ၁၃၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။  

 

သီတာဝင်း (DOT)

Border Trade News

Pages