နိုင်ငံတကာ ရော်ဘာဈေး အတက်အကျအနည်းငယ်သာရှိ

Fri, 08/11/2017 - 03:50 -- admin_ygn

        ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၂ သန်း တန်ဖိုးရှိ ရော်ဘာအမျိုးအစားစုံ ၁၀၅၅ တန် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS-3 အမျိုးအစား ၁၀၈ တန်၊RSS-5 အမျိုးအစား ၃၈၁ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ RSS-3 အမျိုးအစား ၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၃၅၈ တန်နဲ့ MSR-20 အမျိုး အစား ၉၃ တန်၊ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၁၀၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၇၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၈၁ တန် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေး ကေ တာ့ RSS-3 အမျိုးအစား တစ်တန်ကို ကျပ် ၁၉ ဒသမ ၆၄ သိန်းနဲ့ RSS-5 အမျိုးအစား တစ်တန် ကို ကျပ် ၁၈ ဒသမ ၆၈ သိန်းရှိပြီး ယခင်တစ်ပတ်ထက် တစ်တန်ကို ၃၈၉၈ ကျပ်ဈေးတက်ကြောင်း သိရပါတယ်။
          ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၅၄ သန်း တန်ဖိုးရှိ ရော်ဘာ ၄၇၉ တန် တင်ပို့ခဲ့ ပြီး တရုတ်နိုင်ငံသို့ TSR-20 အမျိုးအစား ၈၁ တန်ခန့်၊ ကိုရီး ယားနိုင်ငံသို့ TSR-20 အမျိုးအစား ၂၄၇ တန်နဲ့ ဂျပန်နိုင်ငံသို့ MSR -20 အမျိုးအစား ၁၅၁ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ရော်ဘာ ၆၆၅ တန် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ၁၈၆ တန် လျော့ကျခဲ့တာေ တွ့ရပါတယ်။ ယခုတစ်ပတ် နိုင်ငံတကာ ရော်ဘာဈေးနှုန်း အတက်အကျ အနည်းငယ်သာရှိတဲ့အတွက် မြန်မာ့ ရော်ဘာ FOB ဈေးလည်း မပြောင်းလဲဘဲ ယခင်တစ်ပတ် ဈေးအတိုင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယဉ်ယဉ်အေး

Border Trade News

Pages