ထိုင်းနယ်စပ်မှသာ ကြက်သွန်နီတင်ပို့

Tue, 12/06/2016 - 09:02 -- admin_ygn

          မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၈၄၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ ခဲ့တာကတော့ မြဝတီမှ ၁၇၆ တန်နဲ့ တာချီလိတ်မှ တန် ၈၀ ဖြစ်ပါတယ်။ ယခင် တစ်ပတ်က မြဝတီမှ ၂၇၉ တန်နဲ့ တာချီလိတ်မှ ၂၄၂ တန် စုစုပေါင်း ၅၂၁ တန် တင်ပို့နိုင်တဲ့အတွက် ယခုတစ်ပတ်ထိုင်းနယ်စပ်သို့ ကြက်သွန်နီ ၂၆၅ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ယခုတစ်ပတ် မှာ ကြက်သွန်နီ အပို့မရှိဘဲ ယခင်တစ်ပတ်က ၁၇ တန်ခန့် တင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။

 

မော်မော်အောင်

Border Trade News

Pages