တမူးနယ်စပ်မှ ကွမ်းသီးပိုမိုတင်ပို့

Wed, 08/10/2016 - 07:16 -- admin_ygn

     တမူးကုန်သွယ်ရေးစခန်းရဲ့အဓိကပို့ကုန်ဟာ ကွမ်းသီးဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းရှင်များထံမှ ရရှိတဲ့အတည်ပြုဆဲဈေးကွက်သတင်းများအရ အိန္ဒိယအစိုးရဟာ ပင်လယ်ရေကြောင်းမှ ကွမ်းသီးတင်သွင်းမှုကို ပိတ်ထားပြီး နယ်စပ်ဒေသ မှသာ ခွင့်ပြုမယ်လို့သိရှိရပါတယ်။ အခြားသတင်းများအရလည်း အိန္ဒိယအစိုးရဟာ ကွမ်းသီးတင်ပို့မှုကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံတယ်လို့ လည်း ပြောဆိုမှုများ ရှိပါတယ်။
     အဆိုပါ သတင်းများအပေါ်အခြေခံပြီး ရန်ကုန် အခြေစိုက်ကုမ္ပဏီ အချို့ဟာ တမူးနယ်စပ်မှာလာရောက်ပြီး ကွမ်းသီးတင်ပို့မှုလုပ် ငန်းများ လာရောက်လုပ်ကိုင်လာကြပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်) လေ တွမှာ တမူးနယ်စပ်မှ ကွမ်းသီး ၉၄၂၁ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူမှာတော့ ၇၅၈၀ တန်သာ တင်ပို့နိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါ တယ်။ တမူးကုန်သွယ်ရေးစခန်းအနေနဲ့ ပထမသုံးလ ပတ်ကာလအတွင်းမှာ ကွမ်း သီးတန်ချိန် ၁၈၄၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သတင်းရ ရှိပါတယ်။

 

တမူးကုန်သွယ်ရေးစခန်း

Border Trade News

Pages