ချင်းရင့်ချိန်ဖြစ်လို့ ပြည်ချင်းဈေးကွက် လှောင်လက်တို့ အဝယ်သွက်

Thu, 12/15/2016 - 06:58 -- admin_ygn

          ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ  ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းကြောင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစ်ေ န့ကိုပိဿာချိန်  ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀၀ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း  ပိဿာချိန် ၂၀၀ခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀၀၊ ကျပ်၅၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၉၀၀ ဖြင့် ပုံမှန် ဈေးရှိကြောင်းသိရပါတယ်။

 

ဝင်းဝင်းခိုင်

Border Trade News

Pages