ကော့သောင်းကုန်သွယ်ရေးစခန်းမှရေထွက်ကုန်ပိုမိုတင်ပို့

Tue, 06/07/2016 - 08:27 -- admin_ygn

           မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်၊  ကော့သောင်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းတို့မှ  မေ ၂၁ ရက်မှ ၂၇ ရက်အတွင်း  ကန်ဒေါ်လာ ၂ ဒသမ ၈၉၁ သန်း တန်ဖိုးရှိ  ရေထွက်ကုန် ၃၀၉၂တန်ကျော် တင်ပို့ခဲ့ပါ တယ်။ ယခင် တစ်ပတ်နဲ့  နှိုင်းယှဉ်ပါက  တန် ၇၇၀ ကျော် လျော့နည်းတင်ပို့ ခဲ့ပါတယ်။
           မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာသုည ဒသမ ၁၃၆ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၈၂ တန်ကျော်၊ ကဏန်း  ၂၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက  ၄၄ တန်ကျော်  ေ လျာ့နည်း တင်ပို့ခဲ့ပါတယ်။ ကော့သောင်း    ကုန်သွယ်ရေး စခန်းမှ  ကန်ဒေါ်လာ ၁ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၃၂၃ တန်ကျော်၊ကင်းမွန် ၇၈ တန်ကျော်၊ပုစွန် ၅ တန်ကျော်၊ အခြား ရေထွက်ပစ္စ ည်း ၁၃   တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၂ တန်ကျော်၊ ကဏန်း ၁ တန်ကျော်နဲ့ ရေဘဝဲ ၈၁၀ ကီလိုဂရမ်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ၆၄ တန်ကျော် ပိုမို တင်ပို့ခဲ့ ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းမှ  ကန် ဒေါ် လာ  ၁ ဒသမ ၅၅၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၂၅၆ တန်ခန့်၊ငါးမှုန့် ၂၈၄ တန်ကျော်၊ ရေငန် ပုစွန် ၁၈ တန်ကျော်နဲ့ ကင်းမွန် ၂ တန် ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် နဲ့ နှိုင်းယှဉ်ပါက  ၇၉၀ တန်ေ ကျာ် လျော့ နည်းတင်ပို့ခဲ့ပါတယ်။    
 

 

ခင်မြနွယ်

Border Trade News

Pages