ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်မျိုးစုံ တင်သွင်းမှုလျော့ကျ

Fri, 08/05/2016 - 06:50 -- admin_ygn

     ဇူလိုင်လ တတိယပတ်အတွင်း ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၃ သန်း တန်ဖိုးရှိ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယတို့မှ ဆိုင်ကယ် ၁၁၄၆၄ စီးတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခင် တစ်ပတ်ထက် စီးရေ ၂၀၀၀ ကျော်  လျော့နည်းတင်သွင်းခဲ့ပေမယ့် တရုတ်နယ်စပ်မှ  မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး  ကုန်သွယ်ရေးစခန်းများမှ တရုတ်ဆိုင်ကယ်စီးရေ  ၁၀၀၀၀ ကျော်၊ တာချီလိတ်နဲ့   မြဝတီကုန်သွယ်ရေး စခန်းများမှ ယိုးဒယားဆိုင်ကယ် ၁၂၉၂ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အန္ဒိယ ဆိုင်ကယ် ၅၅ စီး အသီးသီး တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။
      တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ ဆိုင် ကယ်များ တင်သွင်းမှု လျော့ကျသော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၉ သန်း တန်ဖိုးရှိ  သုံးဘီးဆိုင်ကယ် ၂၃၄ စီး တင်သွင်းခဲ့တဲ့အတွက် ဇူလိုင် ဒုတိယ ပတ်ထက် သုံးဘီးဆိုင်ကယ် ၁၇၇ စီး ပိုမိုတင်သွင်းနိုင်တယ်လို့   ကုန်သွယ် ရေးဇုန်မှ သတင်းရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages