“GCMS စက်ကိုင်တွယ်မောင်းနှင်လည်ပတ်မှုသင်တန်း(ထိုင်းနိုင်ငံ)” & “Singapore WTO Regional Workshop on SPS Agriculture and Outlook for the Negotiation အလုပ်ရုံဆွေးနွေးပွဲ”

Thu, 06/22/2017 - 05:50 -- adminDep

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်းကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေး ရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးတိုးဦးမှ “GCMS စက်ကိုင်တွယ်မောင်းနှင်လည်ပတ်မှုသင်တန်း(ထိုင်းနိုင်ငံ)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါက်တာလဲ့လဲ့မိုးမှ “Singapore WTO Regional Workshop on SPS Agriculture and Outlook for the Negotiation အလုပ်ရုံဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး၊ ဦးအောင်ထူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။