Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Mon, 06/03/2024 - 08:01 -- DotTrading

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။        Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ WTOနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဦးညီညီအောင်က “ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ နှစ် (၃၀)ခရီးနှင့် အနီးအဝေးမြင်ကွင်းစုံအား ပုံဖော်တင်ပြခြင်း” ခေါင်းစဉ် ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။     ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီကျော် က ဆွေးနွေးပြောကြားခဲ့သော ညွှန်ကြားရေးမှူး၊ ဦးညီညီအောင် အား ဂုဏ်ပြု လက်ဆောင်ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

၄။          ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ် က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၅။        အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈၄) ဦးတို့ တက်ရောက်ခဲ့ပါသည်။