ဗုဒ္ဓဟူးနေ့ ၃ ဧပြီလ ၂၀၁၃ 10 :40 AM
နောင်ချို မြို့ Asia World Toll Gate အနီး ယာယီ အခြေ ပြု၍ ကုန်တင် ယာဉ်များ၊ ခရီး သည်တင် မှန်လုံ ယာဉ်များ၊ ခရီး သည်တင် Light Truck နဲ့ ယာဉ်ငယ် များအား လိုင်စင်၊ ID အထောက် အထား၊ စာရွက် စာတမ်းများ စစ်ဆေးခြင်း၊ အကောက် ခွန်မဲ့ ပစ္စည်းနဲ့ ကန့်သတ် ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ရှိမရှိ ကို Mobile Team အဖွဲ့ မှ တာဝန်ယူ စစ်ဆေး လျက် ရှိနေတာ ဖြစ်ပါတယ်။ ဖေဖော် ဝါရီလ ၂၅ ရက ်နေ့ ၂၃း၁ဝ ချိန်မှာ လားရှိုးမှ မန္တလေးသို့ မောင်းနှင် လာတဲ့ ၉က/xxxxx Van ပေါ်မှေ အးခဲ ကြက်မဲ ၂၅ ဖာ (၂၅ဝ) ကီလိုဂရမ်နဲ့ အေးခဲ ဘဲသား ၃ဝ ဖာ (၄၅ဝ) ကီလို ဂရမ်ကို စစ်ဆေး တွေ့ရှိ ခဲ့ရ တယ်လို့ သတင်း ရရှိ ပါတယ်။ ပုတ်သိုး ပျက်စီး လွယ် ပစ္စည်းများ ဖြစ်တဲ့ အပြင် မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာန အနေနဲ့ တင်သွင်းခွင့် ထောက်ခံချက် မပေး နိုင်တဲ့ ပစ္စည်းများ ဖြစ်တဲ့ အတွက် အဖွဲ့စုံနဲ့ မီးရှို့ ဖျက်စီးမှု ကို မတ်လ ၂၆ ရက် နေ့ ၁၄းဝဝ ချိန်မှာ ဆောင်ရွက်ပြီး ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။
Source: လရ-၂--- MTN