တာယာ လိုအပ်ချက် ကမ္ဘာ နဲ့ အဝှမ်း မြင့်မား လာနိုင် ကြောင်း ဟောကိန်း ထုတ်လျက် ရှိ

Tue, 05/14/2013 - 10:29 -- admin

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 10 : 24  AM

အပြည် ပြည်ဆိုင်ရာ ရော်ဘာ လေ့လာရေး အဖွဲ့ အထွေထွေ အတွင်း ရေးမှူး Stephen Evans က လာမဲ့ ၁ဝ စုနှစ် အတွင်း တာယာ လိုအပ် ချက်များ ကမ္ဘာနဲ့ အဝှမ်း မြင့်မား လာနိုင် တယ် လို့ ဟောကိန်း ထုတ် ပြောကြား လိုက်ပါတယ်။

ဥရောပ အခုျပ် အချာ အာဏာပိုင် နိုင်ငံများ ကြွေးမြီ အကြပ် အတည်း နဲ့ အမေရိ ကန်ရဲ့ စီးပွား ရေး အားနည်း မှုများ တရုတ် စီးပွားရေး ကျဆင်း လာမှု များကို ကျော်လွှား လာနိုင်ပြီး နောက်လာမဲ့ ဆယ်စု နှစ်မှာ မော်တော်ယာဉ် လိုအပ် ချက်များ မြင့်တတ် လာတာနဲ့ အညီ တာယာ လိုအပ် ချက်များ လည်း မြင့်မား လာနိုင် တယ်လို့ Tyreexpo Asia 2013 ဖွင့်ပွဲ အခမ်း အနားမှာ Stephen Evans ကပြောကြားခဲ့တာဖြစ်ပါတယ်။ ၂ဝ၂၂ ခုနှစ် ထိ ရော်ဘာ ကုန်ကြမ်း အဆင့် ကို တရုတ် နိုင်ငံမှ အများဆုံး လိုအပ်မှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ အနေနဲ့ တော့ လိုအပ် ချက်နည်း နိုင်တယ် လို့ Evans က ဆိုပါ တယ်။ Evans က ကား အသစ်များ အတွက် တာယာ အသစ်များ လိုအပ် မှာ ဖြစ်သလို တာယာ အစားထိုး လဲလှယ်ရန် အတွက် ရော်ဘာ လိုအပ် ချက်များ မြင့်တတ် လာမယ် လို့ သုံးသပ် ပြောကြား ခဲ့ပါ တယ်။ တာယာ လိုအပ် ချက်မြင့် တတ်လာ နိုင်ချေ ရှိတဲ့ အလား အလာများနဲ့ စပ်လျဉ်းပြီး ၂ဝ၁၂ ခုနှစ် မှာ ခရီး သည်တင် ယာဉ် စီးရေ ၃၂၃ သန်း လိုအပ် နေရာ မှ ၂ဝ၂၂ ခုနှစ် မှာ ယာဉ်စီး ရေ ၅၂၄ သန်း၊ ကားဘီး အစားထိုး လဲလှယ် ခြင်းအတွက် ၂ဝ၁၂ ခုနှစ် မှာ တာယာ ၇၈၆ သန်း လိုအပ် နေရာ မှ ၂ဝ၂၂ ခုနှစ် မှာ ၁ ဒသမ ၃ ဘီလီယံ ထိ မြင့်တတ် လာနိုင် ကြောင်း Evans ကဆို ပါတယ်။

လတ်တလော မှာ ကမ္ဘာနဲ့ အဝှမ်း ကားစီး ရေ ၁ ဒသမ ၁ ဘီလီယံ ရှိနေရာ မှ ဆယ်စုနှစ် ကုန်လွန် ချိန်မှာ ကားစီး ရေ ၁ ဒသမ ၇ ဘီလီယံ ထိ တိုးလာ နိုင်ကြောင်း နဲ့ တရုတ် တစ်နိုင်ငံ တည်း အနေနဲ့ ယာဉ်စီး ရေ ၂၅ဝ မီလီယံ ပိုမို ထုတ်လုပ် ရန် ရည်ရွယ် ထားတယ် လို့ Evans က ပြောကြား ကြောင်း အပြည်ပြည် ဆိုင်ရာ ရော်ဘာ ဈေးကွက် Online သတင်း မှာ ဖတ်ရှု လိုက်ရ ပါတယ်။

Source:Rubber News cmk