လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Fri, 06/30/2023 - 10:22 -- DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၂၁ မှ ၂၅ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲတန်ချိန် (၁၉၃.၅၀)တန်၊ တန်ဖိုး (၀.၀၇၈)၊ ပဲတီစိမ်းတန်ချိန် (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော တန်ချိန် (၆၄.၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း ပြောင်းတန်ချိန် (၆၆.၀၀)တန်၊တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်းနှင့်ဆန်တန်ချိန်(၃၀.၀၀)တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်ကွဲတစ်တန်လျှင်(၄၀၅)ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင်(၆၆၀) ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာ၊ ဆန်တစ်တန် လျှင် (၄၆၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ကုန်စုံတန်ချိန် (၃၈.၆၀)တန်၊ (၅၄၃၉၆)U၊ (၃၁၀၀) PR၊ တန်ဖိုး (၀.၀၇၃) ဒေါ်လာသန်း၊ ပိတ်လိပ်တန်ချိန် (၁၀၈.၇၀)တန်၊ တန်ဖိုး (၀.၀၆၅)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းတန်ချိန် (၅၅.၂၀)တန်၊ (၁၃၀၀)U၊တန်ဖိုး (၀.၀၅၁)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း တန်ချိန် (၃၁.၀၀)တန်၊ (၁၀၀၀)U၊တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ကော်စေ့တန်ချိန် (၄၅.၀၀)တန်၊တန်ဖိုး (၀.၀၄၅)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်း၊ သံပြားတန်ချိန်(၅၇.၅၀)တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ ပီနံအိတ်တန်ချိန် (၄၀.၅၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ဓါတ်မြေဩဇာ တန်ချိန် (၆၅.၀၀)တန်၊တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊စပါးရိတ်စက်အရေအတွက် (၄)U၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ထွန်စက်အရေအတွက် (၂)U၊ တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်းတို့ အများဆုံးတင်သွင်း နိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ပိတ်လိပ်တစ်တန်လျှင်(၆၀၀)ဒေါ်လာ၊ ကော်စေ့တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ဆောက်လုပ်ရေးလုပ်ငန်းသုံး Galvanized Iron Angle တစ်တန်လျှင် (၆၅၈)ဒေါ်လာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး Iron Sheet တစ်တန်လျှင် (၇၀၅)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၈၀၀) ဒေါ်လာ၊ ဓါတ်မြေဩဇာတစ်တန်လျှင် (၃၉၄)ဒေါ်လာ၊ စပါးရိတ်စက်တစ်စီးလျှင် (၅၂၀၀)ဒေါ်လာ၊ လေးဘီးထွန်စက်တစ်စီးလျှင်(၈၀၀၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ(၁၂)ဘီး ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက် (ကျောက်စခန်း) -စိန်လုံ-လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော် ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်း အတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော် လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၆-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၁၃) ကျပ်ဖြစ်ခဲ့ပြီး ၂၅-၆-၂၀၂၃ ရက်နေ့တွင် (၁)ယွမ်လျှင် (၄၁၈)ကျပ်ထိမြန်မာကျပ် ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Border Trade News

Pages