မောတောင်ကုန်သွယ်ရေးစခန်းမှ ကဏန်းအရှင်တင်ပို့မှုြမင့်တက်

Tue, 01/31/2023 - 06:27 -- DotBorderdep

           တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကဏန်းများအား မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်း နိုင်ငံဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသည်။ ပုံမှန်အားဖြင့် ကဏန်းဖမ်းဆီးမှုအား (၁)ပတ်ဖမ်း၊ (၁)ပတ်နားစနစ် ဖြင့် ဖမ်းယူကြပြီး ဖမ်းဆီးရမိသည့် ကဏန်းများအား နေ့ချင်းတင်ပို့မှုများရှိသကဲ့သို့ ရက်ပိုင်းခေတ္တထိန်းသိမ်း ထားပြီးမှ တင်ပို့မှုများလည်းရှိသည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ ဘက်သို့ ကဏန်းမဲအရှင် (Live Mud Crab) (48000 KG) ခန့်တင်ပို့နိုင်ခဲ့သည်။

          လက်ရှိပေါက်ဈေးအနေဖြင့် ကဏန်းမဲအရှင် (1) KG လျှင် (167.82) ဘတ် ရရှိပြီး ယခုသီတင်းပတ် အတွင်း (15000 KG) ကျော် တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

Border Trade News

Pages