မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအ​ြေခအနေ

Tue, 02/28/2023 - 04:07 -- DotBorderdep

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂၆ ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်း၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ လျာထားချက်မှာ ပို့ကုန် (၁၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ (၂၅-၀၂-၂၀၂၃) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၅.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၅၃၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုံး ၏ လျာထားချက်အပေါ် (၁၃၅%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါသည်။ တင်ပို့နိုင်ခဲ့ သည့်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှ ကွမ်းသီး၊ ကြက်သွန်နီ၊ သရက်သီး၊ ချင်း(အစို)၊ ဒညင်းသီး၊ အုန်းသီး၊ ထန်းလျက်၊ လဲမှို့၊ နနွင်းတက်၊ ကုလားပဲ၊ ငရုတ်သီးခြောက်၊ ဆီးသီးခြောက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ပန်းသီး ရေထွက်ပစ္စည်းမှ ငါးစုံလေးခြောက်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးခေါင်းပွ၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက် စက်မှုကုန်ချောပစ္စည်းမှ လူကြီးစီးဖိနပ်၊ ချည်လုံချည်၊ ကွေကာအုပ်၊ သနပ်ခါးခဲ၊ ဆီးယိုထုပ်၊ ကော်ဖီမစ်၊ မျက်နှာလိမ်းခရမ်၊ နေကြာစေ့၊ ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ထွန်းရွှေဝါတို့တင်ပို့ခဲ့ပါသည်။ သွင်းကုန်ပိုင်းအနေဖြင့် Plastci Pipe ၊ PVC Tank Water Hand Pump ၊ Aluminium Water Pot ၊ Men's T-Shirt တို့ တင်သွင်းခဲ့သည်။

Border Trade News

Pages