တမူးနယ်စပ် ကုန်သွယ်မှုနှင့် ကုန်စျေးနှုန်းအခြေအနေ

Tue, 02/14/2023 - 06:40 -- DotBorderdep

တမူးဖေဖော်ဝါရီ(၁၃)                   

            တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၁၂)ရက် နေ့ထိကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်တွင် ၀.၅၄၃ ဒေါ်လာသန်း၊ သွင်းကုန်တွင် ၀.၀၆၆ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကုန်သွယ်မှုပမာဏအနေဖြင့်  စုစုပေါင်းတန်ဖိုး (၀.၆၀၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပို့ကုန်ပစ္စည်းများအနေဖြင့် စီးကရက်၊ နန်းဖာလုံကုန်စုံ၊ ကွမ်းသီး၊ CMP ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်ပစ္စည်းအနေဖြင့် ဓာတ်မြေဩဇာ တို့ဖြစ်ပါသည်။

 

            ဖေဖော်ဝါရီလ(၁၂)ရက် ပြင်ပငွေလဲနှုန်းမှာ၁ဒေါ်လာ(၂၆၄၄)ကျပ်၊ ၁ဒေါ်လာ(၈၂.၆၁) ရူပီး၊ ၁ရူပီး(၃၂)ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

 

            တမူးမြို့၏အခြေခံစားသုံးကုန်စျေးနှုန်း-*များမှာဧည့်မထဆန်တစ်အိတ် (၄၉၀၀၀) ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ် (၁၀၁၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၉၀၀၀) ကျပ်၊ကြက်ဥ (၁) လုံး (၂၅၀) ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ (၄၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၃၅၀၀) ကျပ် ၊ ငရုပ်သီးတစ်ပိဿာ (၁၇၀၀၀) ကျပ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

 

            ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ ၂၀၂၀ မတ်လ၁၀ရက်မှစ၍ ယနေ့ထိ ဂိတ်ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှုအခြေအနေမှာ ပုံမှန်ကူးသန်းရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

Border Trade News

Pages