ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Sun, 01/14/2024 - 10:16 -- DotBorderdep

              ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ဇန်နဝါရီလ (၉) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(၁၀.၅၅၇) ဒေါ်လာသန်း၊ သွင်းကုန်(၀.၅၈၂)ဒေါ်လာသန်း၊စုစုပေါင်း (၈.၃၀၃) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၇.၁၂၄%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ဇန်နဝါရီလ (၉)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊မြေပဲဆံ၊ငရုတ်သီးနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၉)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၈၂၇၅) တန်၊ တန်ဖိုး(၉.၈၂၉) ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၂၅၀) တန်၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၃၆) တန်၊ တန်ဖိုး(၀.၄၆၄) ဒေါ်လာသန်း၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၆၃) တန်၊ တန်ဖိုး(၀.၁၀၂)ဒေါ်လာသန်း၊ဆန် တင်ပို့မှုအနေဖြင့် တန်ချိန် (၁၄၀) တန်၊ တန်ဖိုး(၀.၀၈၀)ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတန်ချိန်(၈၀)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၁၄၅.၂၄) တန်၊ တန်ဖိုး(၀.၁၄၈)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၂၀၈.၇) တန်၊ တန်ဖိုး (၀.၁၅၅) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၄၁၀.၄၀) တန်၊ တန်ဖိုး (၀.၂၇၅) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages