3 rd China ASEAN Industrial Cooperation Forum ကို မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တက်ရောက်ရန်ရှိ

Thu, 08/16/2012 - 07:29 -- Anonymous (not verified)

သြဂုတ်လ ၂၀ ရက်မှ ၂၂ ရက်ထိ ၃ ရက်ကြာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းတွင် 3 rd China ASEAN Industrial Cooperation Forum  ကို ကျင်းပသွားမယ်လို့သိရှိရပါတယ်။ အဆိုပါ Forum သို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဌ ဦးစိန်ဝင်းလှိုင်တက်ရောက်ဖို့ရှိပြီး Challange & Impact of Myanmar Rice Industries စာတန်းကိုဖတ်ကြားတင်ပြဖို့ရှိတယ်လို့သိရပါတယ်။ အဆိုပါဖိုရမ်မှာ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ Bureau of Municipal of Commerce နဲ့ စိုက်ပျိုးရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ရေးနားလည်မှုစာချွန်လွှာရေးထိုးသွားဖို့ ရှိတယ်လို့ ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာဆန်စက်လုပ်ငန်းပြပွဲ ၂၀၁၂ ကျင်းပရေးအလုပ်ရုံဆွေးနွေးပွဲမှာ ဦးစိန်ဝင်းလှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဂန္ဓမာ