Date : 29 July 2012
အိန္ဒိယတွင် မုတ်သုန်မိုးရရှိမှု နောက်ကျနေသဖြင့် လက်ရှိစပါးစိုက်ပျိုးပြီးစီးမှု ဧရိယာသည် ယခင်နှစ် နှင့် ယှဉ်လျှင် ၉ ရာခိုင်နှုန်း လျော့နည်းလျက်ရှိသည်ဟု သိရသည်။ သို့သော် အိန္ဒိယတွင် ဆန်တန်ချိန်များစွာ သိုလှောင် ထားရှိသဖြင့် ပြည်တွင်းစားသုံးမှုအတွက် စိုးရိမ်စရာမလိုသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့မှုကိုလည်း ပိတ်ပင်သွားမည်မဟုတ်ဟု သက်ဆိုင်ရာ အရာထမ်းများက ပြောကြားထားသည်။ မည်သို့ပင်ဆိုစေကာမူ ဈေးကွက်လေ့လာသူများက အစိုးရအနေဖြင့် ပြည်ပသို့ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကို ပြန်လည် ပိတ်ပင်သွားနိုင်သည်ဟု ယူဆလာကြသဖြင့် အိန္ဒိယဆန်ဈေးအနည်းငယ် ဦးမော့လာသည်။ ဇူလိုင်လ (၂၄) ရက်နေ့က တစ်တန်လျှင် ၃၈၀ ဒေါ်လာသာရှိနေသော အိန္ဒိယဆန်ဖြူ ၂၅ မှတ်ဆန်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် တစ်တန်လျှင် ၃၉၀ ဒေါ်လာအထိ ၁၀ ဒေါ်လာဈေးမြင့်လာသည်ကို သုံးသပ်တွေ့ရှိရသည်။ ဆန်ဈေးမြင့်လာသော်လည်း ထိုင်းဆန်ဈေးထက် များစွာလျော့နည်းနေခြင်း ၊ ရူပီးငွေတန်ဖိုးကျဆင်းနေခြင်းတို့ ကြောင့် ပြည်ပသို့ဆန်တင်ပို့မှု တိုးတက်လိမ့်ဦးမည်ဟု သုံးသပ်ကြသည်။
နိုင်ငံတကာကောက်ပဲသီးနှံကောင်စီ (IGC) မှ နောက်ဆုံးထုတ်ဝေသော အစီရင်ခံစာတွင် ၂၀၁၂ ခုနှစ်အတွက် အိန္ဒိယ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၇ သန်းအထိ ရောက်ရှိနိုင်မည်ဟု ဖော်ပြထားသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) ကမူ အိန္ဒိယ၏ ဆန်တင်ပို့မှုကို တန်ချိန် ၈ သန်းအထိ ရောက်ရှိနိုင်ဟု ခန့် မှန်းထားသည်။
Source : Brecorder.com, riceonline.com
pa pa