စားသောက်ကုန်ဘေးကင်းရေးနဲ့ပတ်သက်လို့ အာဆီယံကျွမ်းကျင်သူများအဖွဲ့ရဲ့ (၉ ) ကြိမ်မြောက် အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာလ ၁၇ ရက်မှာ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်သူများ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ကျန်းမာရေး ဒုတိယ ဝန်ကြီး Nguyen Thanh Long မှ ပြောကြားရာမှာ ယခုတက်ရောက်လာသူများအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလားတူ နိုင်ငံတကာမှ မိတ်ဆွေများနဲ့ စားသောက်ကုန်ဘေးကင်းရေး စီမံခန့်ခွဲမှုအတွေ့အကြုံများ၊ သတင်းအချက်အလက်များမျှဝေဖို့ အခွင့်အရေးရှိတဲ့ အခမ်းအနားဖြစ်တယ်လို့ဆိုပါတယ်။ အစားအသောက်နဲ့ စားသောက်ကုန်များမှတဆင့် ကူးပြောင်းတဲ့ရောဂါနဲ့ စားသောက်ကုန်မှား သန့်ရှင်းမှုမရှိခြင်းဟာ ကမ္ဘာ့လူ့အဖွဲ့အစည်း ကျန်းမာရေးကိုခြိမ်းခြောက်လျက်ရှိရာ အထူးသဖြင့် နိုင်ငံတကာခရီးသွားနဲ့ စားသောက်ကုန်ရောင်းဝယ်ပွဲများ တိုးတက်လာတဲ့ အသိုင်းအဝိုင်းမှာဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုချင်း စီမှာ စားသောက်ကုန်ဘေးကင်းရေးကြီးကြပ်မှုတွေ ခိုင်မာအောင်နဲ့ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ လိုက်လျောညီထွေရှိမယ့် မှန်ကန်တဲ့စံနှုန်းတစ်ခုတည်ဆောက်ခြင်း၊ ဥပဒေနဲ့အညီ အထောက်အထားများ တည်ဆောက်ခြင်းဖြင့် စားသောက်ကုန်ဘေးကင်းရေး ချိုးဖောက်မှုများကို တိုက်ခိုက်ခြင်းကို အာဆီယံအသိုက် အဝန်းမှာအတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ဆိုပါတယ်။
၃ ရက်ကြာပြုလုပ်တဲ့ အစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများဟာ စားသောက်ကုန်ဘေးကင်းရေးနဲ့ပတ်သက်တဲ့ အဆိုပြုချက်များ မည်သို့သတိပြုသင်ြ့ခင်း၊ နိုင်ငံတကာအဆင့် စားသောက်ကုန်ဘေးကင်းရေးစနစ်တည်ဆောက်ခြင်း ဒေသတွင်းစားသုံးသူများကို အရည်အသွေးကောင်း၊ ဘေးကင်းတဲ့စားသောက်ကုန်များရရှိဖို့ အကူအညီပေးခြင်းစတာတွေကို ဆွေးနွေးမယ်လို့သိရပါတယ်။
ယမင်းခင်
Source: VOU