အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၂)နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ဖွင့်မည်

Tue, 08/28/2012 - 05:40 -- Anonymous (not verified)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှုဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်လျက် Trade Training Institute ကို ထူထောင်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။  Trade Training Institute တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသင်တန်းများ ပို့ချလျက်ရှိ ပြီး မကြာမီ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ် (၂) နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအဆင့်မြင့်သင်တန်းအမှတ်စဉ် (၁)တို့ကို အောက်တိုဘာလဆန်းတွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။
အဆိုပါသင်တန်းတွင် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများအပြင် နိုင်ငံတကာ ကုန်သွယ်မှု သီအိုရီနှင့် သဘောတရားများ၊ International Trade Business, Trade Business Law,  Business Ethics, Supply Chain Management, Quality Control & Standardization, Regional Trade Organizations, Regional Trade Agreement, Trade Risk Management, International Business စသည့်ဘာသာရပ်များကို စီးပွားရေးပညာရှင်များ၊ နိုင်ငံတကာမှ ကျွမ်း ကျင်သူများ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ အရာရှိကြီးများက ပို့ချဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်လျင် ၃ ရက်ဖြင့် လေးလကြာမည်ဖြစ် ပြီး သင်တန်းချိန်မှာ နံနက် ၀၉း၃၀ နာရီမှ ၁၂း၃၀ နာရီထိ ဖြစ်ပါသည်။
သင်တန်းဝင်ခွင့်လျှောက်လွှာများကို အမှတ် (၂၂၈-၂၄၀) ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ (ရန်ကုန်တိုင်းဒေသကြီးရုံး) ဒုတိယထပ် (သင်တန်း ခန်းမ) တွင်ထုတ်ပေးလျက်ရှိပြီး လျှောက်လွှာပိတ်ရက်မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သိရှိပါသည်။