မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁-၈-၂၀၂၃ မှ၈-၈-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Mon, 08/14/2023 - 05:49 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့

              ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၈-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၃၃၉) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၃၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၂၂.၁၆%) ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်တယ်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၈-၈-၂၀၂၃ ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း(အစို) (၄၅.၇၅) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊ ဒညင်းသီး (၃၄) တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၁၅၇.၄၃၆)တန်၊ တန်ဖိုး(၀.၂၀၀)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၁)တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၄)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၂၄.၅)တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၅.၉၃၃)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာဇီးယိုထုပ်(၁)တန်၊ တန်ဖိုး (၀.၀၀၀)ဒေါ်လာသန်း၊ တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၈-၈-၂၀၂၃)ထိ တင်သွင်းနိုင်ခြင်းမရှိခဲ့ပါ။

              မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀) ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ်(၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂)ဒေါ်လာဈေးနှုန်းရှိတယ်။        

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်း တို့ဖြစ်ပြီးယခုအခါ စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက် လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့ လျက်ရှိသည်။

              စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရတယ်။

 

မောင်တောမြို့အတွင်းအခြေခံစားကုန်ဈေးနှုန်းနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်ဈေးနှုန်း၊ ငွေလဲနှုန်း

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၉ရက်နေ့

              မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၈၀၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၂၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၈၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၁၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၉၀၀၀) ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၆၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၆၉.၀၀)တာကာ၊ အာလူး (၁) ကီလို (၄၄.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၂၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၃၁၉.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင် (၁၄၉.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၀၉-၀၈-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၃၃၀၀) ကျပ်၊ (၁၁၅) တာကာ၊ ၁၀၀ ကျပ် လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၈.၇၀) ကျပ် ဖြစ်ပေါ်လျက်ရှိသည်။    

 

Border Trade News

Pages