မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 08/18/2023 - 09:50 -- DotBorderdep

      မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၄ ) ရက်နေ့မှ ( ၁၅ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၁၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅၂) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၁၉၂) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

    မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၁၄ )ရက်နေ့မှ ( ၁၅ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈၂) သန်း၊ ဂုံး (အရှင်) (၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၇၅)သန်း၊ ဂဏန်း(အသေ) (၄.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၂)သန်း၊ ဂျင်းခရု (အရှင်) (၇.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၁)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၅၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၂)သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၇)သန်း ၊ ငရုတ်သီးစိမ်း (၁.၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ ငါးသေတ္တာ ဘူးခွံ (၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း ဖြစ်ပါသည်။

         မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်း မှာ - ငါးမျိုးစုံ (၉၅၃.၈၅) ဒေါ်လာနှုန်း၊ (၇၁.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈၂) သန်း၊ ဂုံး (အရှင်) (၂၅၀၀) ဒေါ်လာနှုန်း၊ (၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇၅) သန်း၊ ဂဏန်း (အသေ) (၁၁၈၁.၈၂) ဒေါ်လာနှုန်း၊ (၄.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၂) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၀) ဒေါ်လာနှုန်း၊ (၇.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၁) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၅၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၂) သန်း၊ ငှက်ပျောသီး (၃၀၅.၇၁) ဒေါ်လာ နှုန်း၊(၃၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၀၇) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၄၆.၁၅) ဒေါ်လာနှုန်း၊(၁.၃) တန်၊ ကန်ဒေါ်လာ (၀.၀၀၁၁) ဒေါ်လာ သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏(၁) တန်ဈေးနှုန်း မှာ - သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈) သန်း၊ ငါးသေတ္တာဘူးခွံ (၂၄၂.၈၆) ဒေါ်လာနှုန်း၊ (၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ကြွေပြား (၁)M2၏ ဈေးနှုန်းမှာ (၃.၃၇၅)ဒေါ်လာနှုန်း၊ (၈၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း ဖြစ်ပါသည်။

     မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

    မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၉၉၈) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၁.၂၁) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သုံးသပ်သိရှိရသည်။

Border Trade News

Pages