မြန်မာ့ဗိသုကာလက်ရာများပြပွဲကို မန္တလေးမြို့မှာကျင်းပမယ်

Mon, 06/11/2012 - 07:17 -- Anonymous (not verified)

မြန်မာ့ဗိသုကာလက်ရာများပြပွဲကို မန္တလေးမြို့၊ မြို့တော်ခန်းမ-၁ မှာ စက်တင် ဘာလအတွင်း ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့ဗိသုကာလက်ရာ ဒီဇိုင်းများပြပွဲကို ဗိသုကာပညာရှင်များကိုယ်တိုင် ရေးဆွဲထားတဲ့ ဒီဇိုင်းများဖြင့်ပြသမှာ ဖြစ်ပြီး၊ ကျောင်းသားအချို့ လက်ရာများလည်း ပြသခွင့်ရမှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာဗိသုကာပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက "မန္တလေးမှာ ပထမဆုံးအကြိမ် ပြခန်းဖွင့်လှစ် ပြသမယ်။ ပြခန်းမှာ ကိုယ်ဆွဲခဲ့တဲ့ဒီဇိုင်းကို ထုတ်ဖော်ပြသခွင့်ရမယ်။ ပညာရှင်တွေနဲ့ ကျောင်း သားတွေကိုပဲ ပြသခွင့် ပေးမယ်။ Construction နာမည်ခံပြီး ဗိသုကာဆွဲပေးတဲ့ ဒီဇိုင်းကိုပြသခွင့်မပေးဘူး။ ဗိသုကာကိုယ်တိုင်ပြသလို့ရမယ်" လို့ပြောပါတယ်။
မြန်မာဗိသုကာဒီဇိုင်းပြခန်းပြုလုပ်ခြင်းဖြင့် ဗိသုကာလက်ရာများကို ပိုပြီး သိမြင်စေရန်နဲ့ ဒီဇိုင်းပုံစံများကို ဗိသုကာပညာရှင်နဲ့တွဲကာ သိနိုင်စေရန် ကျင်းပမှာ ဖြစ်ကြောင်းသိရပါတယ်။                                            
ဇူးဇူး