၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ MFTB နှင့် MICB ဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ် ထားသူ နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက် မော်ဒယ်လ်ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အကောင်အထည် ဖော်မှုအနေဖြင့် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန မှ မော်တော်ကားများ တင်သွင်းရာတွင် ဆောင်ရွက်ရမည့်လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ အား ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါထုတ်ပြန် ချက်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည် တော်)နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတို့ရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ မော်တော်ကားတင်သွင်းခွင့် လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ