စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ ခုနစ် နှစ်ခန့်ကစပြီး ပြည်တွင်းက သစ်သီးဝလံ ကုမ္ပဏီများနဲ့ တရုတ်စိုက်ပျိုးရေးပညာရှင်များ ပူးပေါင်းစိုက်ပျိုးခဲ့ကြတဲ့ ပြည်ပ ဈေးကွက်ဝင်အစေ့မဲ့ ဖရဲကို ယခုနှစ်မှာ ဘိုမြင့်သူကုမ္ပဏီမှ အင်တိုင်းကျေးရွာ စိုက်ခင်းမှာစတင် စိုက်ပျိုးလျက်ရှိတာ တွေ့ရပါတယ်။ အဆိုပါကုမ္ပဏီအနေနဲ့ အစေ့မဲ့ ဖရဲစိုက်ဖို့ မုံရွာမြို့နယ်အရှေ့ဘက်သာ စည်လမ်းဘေးရှိ ကျေးရွာများမှာ မြေ ယာများငှားရမ်းပြီး သုံးနှစ် တစ်ကြိမ် နယ်မြေပြောင်းရွှေ့ စိုက်ပျိုးခြင်းဖြစ် တယ်လို့ သိရပါတယ်။ ဒီနှစ် ဖရဲစိုက် ရာသီမှာတော့ မုံရွာ၊ သာစည်လမ်း ဝဲယာရှိ ယင်းပန်း၊ ကန်ပြား၊ ပဲကြီးကုန်း၊ ကိုးပင်၊ သာစည်နဲ့ အင်တိုင်းကျေးရွာက နေရာတွေကို တစ်ဧက ၁ ဒသမ ၅ သိန်းမှ ၁ ဒသမ ၆ သိန်းထိ ငှားရမ်းခ ပေးချေစိုက်ပျိုးခြင်းဖြစ်တယ်လို့ ကျေး ရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ ယခုနှစ်မှာ စိုက်ပျိုးမဲ့ပမာဏအနေနဲ့ ယင်းပန်းနယ်မှာ ဧက ၅၀ ခန့်၊ ပဲကြီး ကုန်းအုပ်စုမှာ ဧက ၁၅၀ ခန့်၊ သာစည် အုပ်စုမှာ ဧက ၁၀၀ ခန့်နဲ့ အင်တိုင်း အုပ်စုမှာ ဧက ၁၀၀ကျော်ရှိပြီး၊ သြဂုတ် လဆန်းပိုင်းကတည်းက မြေပြင်ပျိုး ထောင်ခြင်း စတင်လုပ်ဆောင်ခဲ့ကြ တယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။ အစေ့မဲ့ဖရဲကို စဉ်ဆက်မပြတ် ထုတ် လုပ်တင်ပို့နိုင်ဖို့ စိုက်ခင်းများကို သူ့ ရက်နဲ့သူ တွက်ချက်စိုက်ပျိုးနိုင်ဖို့ စနစ် တကျ ဆောင်ရွက်ထားကြောင်း သိရပါ တယ်။ကနဦးစိုက်ပျိုးမှုအနေနဲ့ အင်တိုင်း အုပ်စုကွင်းမှာ သြဂုတ်လဆန်းပိုင်းက တည်းက အစေ့မဲ့ဖရဲ ဧက ၅၀ နီးပါး စိုက်ပျိုးပြီးစီးပြီလို့ သိရပါတယ်။ ယခုလို ပြည်တွင်းက သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်သူများ အသင်းဝင်ဖြစ်တဲ့ ကုမ္ပဏီ တွေက ဒေသတွင်းမှာ လာရောက်ပြီး၊ မြေငှားရမ်းစိုက်ပျိုးတဲ့အတွက် ယခုနှစ် မိုးခေါင်မှုကြောင့် ဒေသခံ တောင်သူ တွေ စိုက်ပျိုးသီးနှံမဖြစ်ထွန်းလို့ နစ်နာ ဆုံးရှုံးမှုကို ကူညီဖြေရှင်းပေးရာ ရောက် သလို ဒေသခံ ရွာသူရွာသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း နဲ့ လုပ်အားခဝင်ငွေရရှိစေလို့ ကျေး လက်ဒေသဖွံ့ဖြိုးရေးအတွက်အထောက် အကူပြုလုပ်ငန်းတစ်ခုအဖြစ် တွေ့မြင်ရပါတယ်။
ထွန်းလှိုင်