တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစီအစဉ်အရ မဟာမဲခေါင်ဒေသ တွင်း စီးပွားရေးစြင်္ကံများအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး (Seminar on Trade Facilitation of GMS Economic Corridors) ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ အာဆီယံဒေသ တွင်းနိုင်ငံများ၊ GMS နိုင်ငံများနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး ဆောင်ရွက်မှုအခြေအနေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ရင်ဆိုင်ရတဲ့ အခက်အခဲများ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနဲ့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ရေး ဆောင်ရွက်မှုများ၊ အောင်မြင်မှုအခြေအနေတွေနဲ့ အခွန်ကောက်ခံမှု အခြေအနေ တွေကိုသိရှိစေဖို့ ကျင်းပခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါဆွေးနွေးပွဲကို လာအိုနိုင်ငံကိုယ်စားလှယ် ရှစ်ဦး၊ ဗီယက်နမ် ကိုယ် စားလှယ် နှစ်ဦးနဲ့ မြန်မာနိုင်ငံမှ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ခုနစ်ဦး၊ စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲကာလအတွင်း လေ့လာရေးခရီးစဉ်အနေနဲ့ တရုတ်နိုင်ငံ Jiangxi ပြည်နယ်သို့ပါ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများ စီးပွားရေးလုပ် ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုန် သွယ်မှုနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်ဝင်ရောက်ရန်နဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ Yunnan ပြည်နယ်အပြင် အခြားပြည် နယ်ဒေသများထိရောက်အောင် ဈေးကွက်ဝင်ရောက်ထိုးဖောက်ဖို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာနိုင်စေမှာ ဖြစ်ပါတယ်။
နကသ (ကမရ)