ပဲစင်းငုံအရောင်းအဝယ်အေးပေမယ့် ကုလားပဲကို မျိုးအတွက်ဝယ်ယူမှုရှိ

Mon, 10/29/2012 - 10:36 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ပဲစင်းငုံကို လှောင်လက်များ ထုတ်ရောင်းတဲ့နေ့မှသာ အရောင်းအဝယ်ဖြစ်ပြီး၊ ပိဿာ ၂၀ တစ်တင်းကို ၁၇၈၀၀ ကျပ်နဲ့ အိတ် ၂၀၀ - ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ကုလားပဲကတော့ တိုင်းအတွင်း အဝင်မရှိဘဲ ပန်းတောင်း၊ ကံမဘက်မှ မျိုးအတွက် အရည်အသွေးကို ကြည့်ပြီး ဝယ်ယူနေသလို ခွဲစက်သမားများလည်း ပုံမှန်အဝယ်ရှိနေလို့ ယခင်အပတ်က တစ်တင်း ၂၂၀၀၀ ကျပ်မှ ယခုအပတ်မှာ ၂၂၈၀၀ ကျပ်ကို မြင့်တက်လာပြီး၊ နေ့စဉ် အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                               
ဆုမွန်ဆန်း - ပြည်