အာဆီယံ-ဂျပန် စင်တာ (ASEAN-Japan Centre- AJC) မှ ကြီးမှူး၍ ASEAN Food & Beverage 2012 ပြပွဲကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ် ရာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံမှ ကုမ္ပဏီသုံးခုစီဖြင့် စုစုပေါင်းကုမ္ပဏီ ၃၀ ကို ရွေးချယ်ဖိတ်ကြားမည်ဖြစ်သည်။ ပြခန်း၏ အကျယ်အဝန်းမှာ ၁၇၀ စတု ရန်းမီတာရှိပါသည်။ အာဆီယံနိုင်ငံ များ၏ စားသောက်ကုန်ပစ္စည်းများကို ဂျပန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်စေရန်နှင့် ကုန်သွယ်မှုပမာဏ တိုး မြှင့်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
ပြသမည့် ကုန်ပစ္စည်းများမှာ တန်ဖိုးမြှင့်နှင့် တစ်ဝက်တစ်ပျက်ပြုပြင် ထားသော စားသောက်ကုန်များနှင့် စည်သွပ်ဘူးများ၊ အချိုရည်များ၊ ဟင်း ခတ် အမွှေးအကြိုင်များ၊ ပင်လယ်စာ များနှင့် အေးခဲ၊ အခြောက်ခံ၍ စည် သွပ်ထားသည့် ကုန်ပစ္စည်းများ၊ အချို ပွဲများ၊ သစ်သီးဝလံများ၊ သစ်သီးဖျော် ရည်များနှင့် စည်သွပ်ဘူးများ ဖြစ်ပါသည်။
အဆိုပါ အဆိုပြု ကုမ္ပဏီများ အနက် သတ်မှတ်စည်းကမ်းချက်များ ဖြစ်သည့် ကုန်ပစ္စည်း အရည်အသွေး ထုတ်လုပ်နိုင်မှု၊ ဂျပန်ဈေးကွက်အကြိုက် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိ စသည်တို့ကို စစ်ဆေး၍ ကုမ္ပဏီသုံးခုကို ရွေးချယ် မည်ဖြစ်ပါသည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီတစ်ခုစီမှ တစ်ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခိုနေထိုင် စရိတ်များကို AJC မှ ကျခံ ပေးမည်ဖြစ်ပါသည်။
စိတ်ဝင်စားသည့် မြန်မာကုမ္ပဏီ များအနေဖြင့် ဇွန် ၂၀ ရက်မတိုင်မီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်၊ ပြပွဲဌာနနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာန၊ ကုန်စည်ပြပွဲ ဌာန စိတ် ဖုန်း ၀၆၇-၄၀၈၄၁၁ နှင့် ဖက်စ် ၀၆၇-၄၀၈၃၁၁ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
ခိုင်ကြည်သာ
(IT)