၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Thu, 08/08/2024 - 08:57 -- mocadmin

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

   သီရိလင်္ကာနိုင်ငံ၊ Chamber of Tourism and Industry Sri Lanka (CTISL) နှင့် Ras AI Khaimah Chamber of Commerce and Industry တို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ အာရပ်စော်ဘွားများပြည်ထောင်စု၊ RAS AI Khaimah(RAK) မြို့၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပြခန်းများ ပါဝင်ပြသနိုင်ပါရန် သီရိလင်္ကာနိုင်ငံ၊ Chamber of Tourism and Industry မှ ဖိတ်ကြားလာပါသည်။

   အဆိုပါကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေး စောင့် ရှောက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာ(FinTech)၊ Blockchain နည်းပညာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများကို လုပ်ငန်းပေါင်း ၂၃၀ ကျော်မှ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲသို့ လူဦးရေ ၁၀,၀၀၀ ကျော် လာရောက်ရန် မျှော်မှန်းထားကြောင်း၊ ကုန်စည်ပြပွဲသို့ တက်ရောက် ခြင်းဖြင့် နိုင်ငံတကာအတွေ့အကြုံနှင့် နိုင်ငံတကာအဆက်အသွယ်များရရှိပြီး တက်ရောက်လာသည့် ခေါင်းဆောင်များနှင့် တီထွင်သူများ တွေ့ဆုံဆွေးနွေး၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် နိုင်မည့်အပြင် ဈေးကွက်အမြင်နှင့် စီးပွားရေးချဲ့ထွင်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

   သို့ဖြစ်ရာ မြန်မာနိုင်ငံမှ ကုမ္ပဏီများ ပါဝင်ပြသနိုင်ကြောင်းနှင့် ပါဝင်ပြသလိုသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ တို့သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

စီးပွား/ကူးသန်း

သတင်းအချက်အလက်များ