Minister's Office

“(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကျင်းပမည်

Tue, 11/06/2018 - 10:05 -- adminDep
Undefined

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ အကြား ချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ် ၁၉၉၇ အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးေနွေးပွဲကို ၂၀၀၁ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လာစေရန်နှင့် အိမ်နီးချင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲလာစေရန် ဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာ ကုန်စည်ပြပွဲများကို သွားရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          “(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေး” ကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ နယူး စကားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်၊ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး) တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယခုနှစ် တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယခုနှစ် ပြပွဲကို မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး) အတွင်းရှိလမ်းများတွင် ၃ မီတာ x ၃ မီ တာ အကျယ်အဝန်းရှိ ပြခန်းပေါင်း (၄၀၀) ခန့်ဖြင့် တည်ဆောက်ခင်းကျင်းပြသသွားမည်ဖြစ်ရာ တရုတ်လုပ်ငန်းရှင်များမှ ပြခန်းပေါင်း (၃၀၀) ကျော်နှင့် မြန်မာလုပ်ငန်းရှင်များအတွက် ပြခန်း (၁၀၀) ခန့်ပါဝင်ပြသနိုင်ရေး စီးစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် မြန်မာစီးပွားရေးလုပ်ငန်း ရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

            ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော်ဖုန်း၊ ၀၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်) ၀၆၇-၄၃၀၁၂၈၊ Email:[email protected]၊ မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ ၀၁-၂၅၄၀၂၄၊ Email:[email protected] နှင့် မောရွှေလီ ကုန်သွယ်မှုဗဟိုဌာန (မူဆယ်) ဖုန်း- ၀၉-၄၄၀၀၀၃၈၅၄ Email:mawshweli.muse @gmail.com တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Huang Xilian ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Tue, 11/06/2018 - 08:50 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Huang Xilian ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

Latest News: 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Eurocham Myanmar မှ Executive Director ဖြစ်သူ Mr. Filip Lauwerysen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Mon, 11/05/2018 - 09:53 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ၁၅း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရာင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Eurocham Myanmar မှ Executive Director ဖြစ်သူ Mr. Filip Lauwerysen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

(၉၁) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်း ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပပြုလုပ်

Mon, 11/05/2018 - 07:58 -- adminDep
Undefined

နေပြည်တော်၊ Kempinski Hotel တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၉၁) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်း ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ပထမနေ့ အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်

Latest News: 

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဟာဗားနား ကူးသန်းရောင်းဝယ်မှုနှင့် ကုန်သွယ်မှုကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Mon, 11/05/2018 - 04:57 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဟာဗားနား ကူးသန်းရောင်းဝယ်မှုနှင့် ကုန်သွယ်မှုကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

Latest News: 

ချဉ်ပေါင်ဖာလာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Thu, 11/01/2018 - 07:47 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ သံတောင်မြို့၌ ချဉ်ပေါင်ဖာလာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား

Latest News: 

ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး ခန့်အပ်ရန် သဘောတူပြီးဖြစ်သော H.E. Mr. Ahmed Nuhu Bamalli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 10/31/2018 - 10:12 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၆း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးခန့်အပ်ရန် သဘောတူပြီးဖြစ်သော H.E. Mr. Ahmed Nuhu Bamalli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ

Latest News: 

ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Myanmar- Japan Center မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးသက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 10/31/2018 - 09:00 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Myanmar- Japan Center မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာမျိုးသက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ

Latest News: 

ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Deputy Director General of European Commission, Directorate General of Trade မှ Mrs. Helena Konig ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 10/31/2018 - 08:34 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Deputy Director General of European Commission, Directorate General of Trade မှ Mrs. Helena Konig ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

ဒုတိယဝန်ကြီး ဦးအောင်ထူးသည် World Intellectual Property Organization-WIPO မှ Expert ဖြစ်သူ Mr. Ronald Marchant ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 10/31/2018 - 06:18 -- adminDep
Undefined

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် World Intellectual Property Organization-WIPO မှ Expert ဖြစ်သူ Mr. Ronald Marchant ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Latest News: 

Pages

Subscribe to RSS - Minister's Office