နောက်ဆုံးရ သတင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၁၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၂၇၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် The Golden Octopus Co., Ltd., မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Seres-5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် Dongfeng Motor Corporation Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၂-၂-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ပတ်သက်ပြီး အာဆီယံနှင့် အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်ရေးသဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆွေးနွေးလျက်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကိုယ်စားပြု စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ တွင် ဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတစ်ခုချင်းအလိုက် ယနေ့တက်ရောက်လာသော ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဌာနများအနေဖြင့် ဘာသာရပ်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ အာဆီယံ၏ statistical highlights - ၂၀၂၃ တွင် မြန်မာနိုင်ငံ GDP ၏ ၃၉.၅ ရာခိုင်နှုန်းမှာ ဝန်ဆောင်မှုကဏ္ဍဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာများ လည်းရှိကြောင်း၊ တက်ရောက်လာသော ဌာနများအနေဖြင့် သက်ဆိုင်ရာဝန်ဆောင်မှုကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအများအပြားဖိတ်ခေါ်နိုင်ရေး၊ မိမိတို့၏ ဝန်ကြီးဌာနများကချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများ၏ အောင်မြင်မှုဥပမာများကိုလေ့လာ၍ မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအတွက် အကြံပြုချက်များပံ့ပိုးပေးနိုင်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အထောက်အကူဖြစ်စေရေးအတွက် လက်တွေ့အသုံးချကြသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသည့် ဌာနများမှ အရာထမ်းကိုယ်စားလှယ် ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Neta U နှင့် Neta V အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Seagull အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်း စက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁ - ၂ - ၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့် အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။