နောက်ဆုံးရ သတင်း
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော Partnership Summit 2020 သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Online ဖြင့် တက်ရောက်အမှာစကားပြောကြား
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပပြုလုပ်သော (၁၉) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အဖွင့်အမှာစကားပြောကြား
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Online ဖြင့် တက်ရောက်အမှာစကားပြောကြား
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသည့် (Enhanced Integrated Framework - EIF) အစီအစဉ်အောက်ရှိTier 2 အဆင့်တွင် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းအား ၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။
M-STEP စီမံကိန်းနှစ်ဝက်အတွက် စိစစ်အကဲဖြတ်ခြင်း(Mid-Term Evaluation for M-STEP Tier 2 Project) ကို ဆောင်ရွက်မည့် ပြင်ပမှ National Evaluation Consultant (၁) ဦး ငှားရမ်းရန် ငှားရမ်းခေါ်ယူသွားမည်ဖြစ်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် လျှောက်ထားရမည့်အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ပူးတွဲတွင် ဖတ်ရှု၍ (၃၁-၁၂-၂၀၂၀) ရက်နေ့အရောက် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်။
Contact Person:
Aid for Trade Coordination Unit
Department of Trade
Ministry of Commerce
Office No. 3, Nay Pyi Taw
067-408316
E-mail: [email protected]
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (မူလ)ခွင့်ပြုချက်ပါ ရုံးသုံးစက်ကိရိယာ ICT ဆက်စပ် ပစ္စည်း(၁၆)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် အောက်ဖော်ပြပါ သတ်မှတ်စံချိန်စံညွှန်းနှင့် တင်ဒါစည်းကမ်းချက်များအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ်ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီ/ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါပစ္စည်းများကို တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-
Lot No |
DESCRIPTION OF EQUIPMENT |
QTY |
1 |
Computer & Accessories Laptop Computer(HP) Desktop Computer Set (Dell)Core i7 Dell 19.5” Monitor Only HP Laser Printer (Heavy duty) (A4, Legal) Canon 2900 Laser Printer (A4, Legal) Canon Scanlite Flatbed Scanner Epson Document Scanner: 35ppm Canon InkJet Colour Printer Video Wall System (65 " LED TV) UPS with Surge Protector |
3 Nos 30 Set 20 Nos 15 Nos 15 Nos 10 Nos 10 Nos 10 Nos 1 Nos 25 Nos |
2 |
Network Accessories 10 G Managed Switch (24 Ports) 24 Prorts Gigabit Managed switch Online UPS (30 KVA) Online UPS ( 3 KVA) Media Converter (multi mode) E1 Converter |
2 Nos 5 Nos 1 Nos 6 Nos 4 Nos 6 Nos |
တင်ဒါတင်သွင်းမည့်သူများ လိုက်နာဆောင်ရွက်ရမည် စည်းကမ်းချက်များ
(က) တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
( ခ ) တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီ/အရောင်းဆိုင်များ၏ တင်ဒါစပေါ်ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
( ဂ ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်သူထံမှသာ သတ်မှတ်ချက်များနှင့်အညီ ဝယ်ယူမည်။
(ဃ) ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ Lot အလိုက်တင်သွင်းမည့် ICT ဆက်စပ် ပစ္စည်းများ၏ အမျိုးအစားအလိုက် အသေးစိတ်ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး တင်ဒါပွဲလာရောက်သူသည် လုပ်ငန်းရှင် ကိုယ်တိုင် (သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေကိုယ်စားလှယ် လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်သည့် ကိုယ်စားလှယ်ဖြစ်ရမည်။
( င ) အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။
( စ ) ပေးသွင်းမည့်လုပ်ငန်းတွင် အသုံးပြုမည့်ကုန်ပစ္စည်း၏ Specification မှာ ဌာနမှ ရွေးချယ်သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမှတ်တံဆိပ် အရည်အသွေးအတိုင်း နှင့် ထုတ်လုပ်သည့်နိုင်ငံ (C/O) အတိုင်းဖြစ်ရမည်။ ပေးသွင်းရမည့်ပစ္စည်း များအား ရုံးအမှတ်(၃)၊ နေပြည်တော်အရောက် ပို့ဆောင်ပေးရမည်။ ပစ္စည်းများ၏ Specification သည် ဌာနမှရွေးချယ်သတ်မှတ်ထားသည့် Specification အတိုင်း ဖြစ်ရမည်။
(ဆ) ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန်(၂%)ဖြတ်တောက်၍ ပြည်တွင်းအခွန် များဦးစီးဌာနသို့ ပေးသွင်းရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) ပေးသွင်းရန် သဘောတူရမည်။
( ဇ ) တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/-နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။
( ဈ ) တင်ဒါပုံစံများတင်သွင်းရာတွင် ICT ဆက်စပ်ပစ္စည်း (၁၆)မျိုး၏ သတ်မှတ်အရည် အသွေး၊ စံချိန်စံညွှန်းနှင့် တန်ဘိုးတို့ကို ပြည့်စုံစွာရေးသားဖော်ပြရမည်။
ICT ဆက်စပ်ပစ္စည်း (၁၆)မျိုးအား ဝန်ကြီးဌာန၊ တင်ဒါကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချသည့်နေ့ - ( ၉ -၁၂ -၂၀၂၀ ရက်နေ့မှ ၂၂ - ၁၂ - ၂၀၂၁ ရက်နေ့ထိ )
တင်ဒါကော်မတီဖြင့် ဈေးနှုန်းစိစစ်မည့်ရက် - (သီးခြားထပ်မံအကြောင်းကြားပါမည်)
ကျင်းပမည့်နေရာ - ရုံးအမှတ်(၃)၊တိုးချဲ့အစည်းအဝေးခန်းမ၊ စီးပွား/ကူးသန်း
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၈၀၁၀