ကုန်စည်ပြပွဲများ
၂၀၂၃ ခုနှစ်၊ ဧပြီလ ၃
အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Chennai Vizha- National Handicraft, Handloom and food Exhibition သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင် ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ဒေသထွက်အစားအစာများ၊ လက်မှုပစ္စည်းများ၊ လက်ရက်ထည်များနှင့် ရိုးရာထည်များပြသနိုင်ပါကြောင်း၊ ပါဝင်ပြသလိုသည့် လုပ်ငန်းရှင်များအား ပြခန်းများလည်း စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပါဝင်ပြခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်း များနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအပြင် ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်နိုင်ကြောင်း သတင်းရရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ China International Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ကော်ဖီပြပွဲ သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါ သည်။
အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ ကော်ဖီစိုက်တောင်သူများအသင်း၊ ကော်ဖီထုတ်လုပ်သူများ၊ လုပ်ငန်းရှင်များ ဝင်ရောက်ပြသနိုင်ကြောင်းနှင့် ပြခန်းနေရာများ၊ ကော်ဖီအရောင်းမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ၊ ဝင်ခွင့်လက်မှတ်များကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ စီးပွား ရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ် ဆက်နိုင်ကြောင်း သတင်းရရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Exhibition & Convention Center ၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Combodia-International Science, Technology & Innovation Expo သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲအား ကမ္ဘောဒီးယားနိုင်ငံ၌ နှစ်စဉ်ကျင်းပသွားရန်ရည်ရွယ်ထားပါသည်။ ပြပွဲသို့ မြန်မာနိုင်ငံမှ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများအား ပါဝင်ပြသနိုင်ရေးအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။
အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ Pragati Maidan ၌ အိန္ဒိယနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(ITPO)နှင့် အိန္ဒိယနိုင်ငံ စားသောက်ကုန်လုပ်ငန်းများဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 37th International Food & Hospitality Fair သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။
ယခုပြပွဲသည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ကြီးမားလာပြီး နိုင်ငံတကာ လှည့်လှည်ရောင်းချသူများစုဝေးရာ လူသိများသော နေရာတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် အဖျော်ယမကာလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းဝယ်ယူလိုသည့် လုပ်ငန်းရှင်များ ကိုယ်စားလှယ်များ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံမှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် “ ၃၂ ကြိမ်မြောက် ဗီယက်နမ်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (32nd Vietnam International Trade Fair - Vietnam Expo 2023) ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင် တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။
ပြပွဲတွင် နိုင်ငံပေါင်း (၂၀) ကျော်မှ ပြခန်း (၈၀၀) ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာ နိုင်ငံအတွက် ပြခန်း (၂)ခန်းအား အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။ တက်ရောက်မည့် ကိုယ်စား လှယ်များအတွက် အပြည်ပြည်ဆိုင်ရာခရီးစရိတ်နှင့် တည်းခိုနေထိုင် စားသောက်စရိတ်များအား မိမိအစီအစဉ်ဖြင့် ကျခံသုံးစွဲရမည်ဖြစ်သည်။
ပြပွဲကာလအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ အစည်းအဝေး များ၊ ကုန်စည်ပြပွဲနှင့် စီးပွားရေးဆိုင်ရာ အတွေ့အကြုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများသို့ မြန်မာလုပ်ငန်းရှင်များနှင့်အတူ အစိုးရတာဝန်ရှိသူ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

