အိန္ဒိယအစိုးရသည် ကျေးလက် ဒေသများနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင်ပါ ဒစ်ဂျစ်တယ်စနစ် ငွေပေးချေမှုများ အသုံးပြုလာစေရန် တွန်းအားပေးလျက်ရှိရာ စိုက်ပျိုးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးအမျိုးသား ဘဏ် (National Bank for Agriculture and Rural Development - Nabard) သည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ကျေးရွာ များမှ တောင်သူလယ်သမား ၃၄ သန်း ကျော်အတွက်RuPayကတ်များ စီစဉ် ပေးရန် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါကတ်များအား အိန္ဒိယနိုင်ငံ အတွင်းရှိ သမဝါယမဘဏ်များနှင့် တောင်သူလယ်သမားများ၏ ချေးငွေကိုသမဝါယမအသင်းများမှတစ်ဆင့် စီစဉ်ပေးမည်ဖြစ်ကာ၊ တိုက်ရိုက်ဖြစ်စေ အားလုံးပါဝင်သည့် ဘဏ္ဍာရေး ဝန် ဆောင် မှု အစီအစဉ်ဖြစ်သည့် Jan Dhan စီမံကိန်းအောက်တွင်ဖြစ်စေ စုဆောင်းငွေစာရင်းများဖွင့်လှစ်ရန် အတွက် ြဘေမေိ ဘဏ်က သမဝါယမ အသင်းများနှင့် သမဝါယမဘဏ်များသို့ တိုက်တွန်းထားကြောင်း၊ သမဝါယမ အသင်းနှ င့် ဘဏ်များမှတစ်ဆင့် ငွေစု ဘဏ် စာရင်းဖွင့်လှစ်ပြီးသူ တောင်သူ လယ်သမားအားလုံးအတွကRuPay ကတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ လယ်သမားများအနေဖြင့် မျိုးစေ့၊ ဓာတ် မြေသြဇာနှင့် အခြားသော လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အား အဆိုပါ ကတ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းRuPay ကတ်များ တွင်ကျယ်စွာဖြင့် အလွယ်တကူ အသုံး ပြုနိုင်ရန်အတွက် လူဦးရေ ၁၀၀၀၀ အောက်ရှိသော ကျေးရွာ ပေါင်း ၁၀၀၀၀၀ ခန့်တွင် တစ်ရွာလျှင် စက်နှစ်လုံးနှုန်းဖြင့်point-of-sale (PoS) စက်ပေါင်း ၂၀၀၀၀၀ ခန့် တပ် ဆင်မည်ဖြစ်ကြောင်း၊ အဆိုပါစက်များ တပ်ဆင်ခြင်းနှင့် တောင်သူလယ်သမား များအတွက် ျွကဏပေ ကတ်ထုတ်ပေး ခြင်းများအား လာ မည့် တစ်နှစ်အတွင်း အပြီး ဆောင်ရွက်မည်ဖြစ်ကာ ထိထိ ရောက်ရောက် အသုံးချသွားမည်ဖြစ် ကြောင်း၊Nabard အနေဖြင့် အဆိုပါ PoSစက်များ တပ်ဆင်ရန်အတွက် ဘဏ္ဍာငွေ ရူပီးကုဋေ ၁၂၀ ခန့်အား အသုံးပြုသွား မည်ဖြ စ်ကြောင်း၊ အဆိုပါစက်များအား ပုဂ္ဂလိကဘဏ်များတွင် တပ်ဆင်ပေးသွားမည်ဖြစ်ပြီး၊ ပုဂ္ဂလိက ဘဏ်များ အား Nabard စက်များ ပိုမိုဝယ် ယူတပ်ဆင်လာစေရန် ဆွဲဆောင်သည့် အနေဖြင့် စက်တစ်လုံးစီအတွက် ရူပီး ငွေ ၆၀၀၀ ကို ြဘေမေိ က ထောက်ပံ့ပေး မည်ဖြစ်ကြောင်း၊ အဆိုပါစက်များအား အခြေခံ သမဝါယမအသင်းများ၊ နို့ထွက်ပစ္စည်း ထုတ်လုပ်သည့်အသင်း များနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်း များ ရောင်းချသူများက တွင်ကျယ် စွာ အသုံးပြုလာခြင်းအားဖြင့် နိုင်ငံအတွင်း ငွေသားအသုံးမပြုဘဲ ငွေပေးချေမှုများ ပြုလုပ်သည့် ဝန်ဆောင်မှုများ တိုးတက် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့