တရုတ်နိုင်ငံတွင် ၂၀၂၀ခုနှစ်၌ တစ်နာရီလျှင် ကီလိုမီတာ ၄၀၀နှုန်း ခုတ်မောင်းနိုင်သည့် အမြန်ရထားကို စတင်ပြေးဆွဲမည်

Tue, 05/16/2017 - 07:22 -- admin_ygn

      တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ ခုတ်မောင်းနိုင်သည့် မြန်နှုန်း မြင့်ရထားကို ၂၀၂၀ခုနှစ်၌ တရုတ်နိုင်ငံတွင် စတင်ပြေးဆွဲမည်ဖြစ် ကြောင်း၊ အဆိုပါရထားအား စွမ်းအင်သုံးစွဲမှုသက်သာပြီး အလေးချိန် ပေါ့ပါးစေရန် Carbon Fiber Aluminium Alloy ကို အသုံးပြု တည် ဆောက်ထားကြောင်း သိရှိရပါသည်။ ယခင်က တစ်နာရီလျှင် ကီလို မီတာ ၃၅၀ အမြန်နှုန်းဖြင့်ပြေးဆွဲသည့် ရထားနှင့် နှိုင်းယှဉ်ပါက ခရီး သည်တစ်ဦး၏စွမ်းအင်သုံးစွဲ မှု ပမာဏကို ၁၀ရာခိုင်နှုန်းအထိ လျှော့ချ နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။အဆိုပါ နည်းပညာမြင့်ရထားကို ပြည်တွင်းသုံးစွဲမှုအပြင်One Belt, One Road နိုင်ငံများ၏ ဈေးကွက်တွင် ရောင်းချရန် မျှော်မှန်း ထားကြောင်း သိရသည်။တရုတ်ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် အခွင့်အလမ်းကောင်းဖြစ်သည့်အပြင် ဒေသတွင်းဆက်သွယ်မှု တိုး မြှင့်ရာတွင်လည်း ထိရောက်မှုရှိစေမှာဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားပါသည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (National Development and Reform Commission )  က အသစ်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားစီမံကိန်းသည် လူဦးရေသိပ် သည်းမှုများသောနိုင်ငံ များ တွင် ဘတ်စ်ကားကို နှစ်အတန်ကြာ သုံးစွဲ နေသည့်စနစ်မှ ရထားပို့ဆောင်ရေးစနစ်သို့  ပြောင်းလဲရန်အတွက် အထောက်အကူဖြစ်စေကြောင်းပြောကြားပါသည်။   အထူးသဖြင့် အာရှအလယ်ပိုင်း ၊အရှေ့တောင်အာရှ၊ အရှေ့ အလယ် ပိုင်းနှင့် ဥရောပ အရှေ့ပိုင်းနိုင်ငံများသည် လက်ရှိ ပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့် တင်ရန်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (Public tran-sportation system)ကို ပြောင်းလဲတိုးတက်ရန်အတွက် အမြန် ရထား လမ်းများအား အဆင့်မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေကြောင်း ဆက်လက်ဖော်ပြထားပါသည်။
ယခုမြန်နှုန်းမြင့်ရထားကို ပေကျင်းနှင့်ရှန်ယန်းလမ်းကြောင်း၌ စတင်စမ်းသပ်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၌ ရထားလမ်းတည်ဆောက် မှုပြီးစီးမည်ဖြစ်သည်။ တရုတ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက  ကမ္ဘာ့အကြီးဆုံး မြန်နှု န်းမြင့် ရထားကွန်ရက် တည်ဆောက်သည့်နိုင်ငံ ဖြစ်ပြီး မြန်နှုန်းမြင့်ရထားထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် လက်ရှိဦးဆောင်နေသည့်နိုင်ငံဖြစ်ကြောင်းသိရသည်။ ယခုပြည်တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မြို့ပတ် ရထားများမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှင့် ၂၅၀ ကီလို မီတာနှုန်းဖြင့် ခုတ်မောင်းနေသည့် ရထားများဖြစ်ပြီး မြန်နှုန်းမြင့်ရထားမှာ တစ်နာရီ ကီလိုမီတာ ၃၅၀ အထိ ပြေးဆွဲကြောင်း နိုင်ငံတော်ရထားပို့ဆောင်ရေးညွှန်ကြားမှု ဌာနက ပြောကြားပါသည်။  တရုတ်သည် ပြည်တွင်းနည်းပညာဖြင့် ရထားတည်ဆောက်မှု ဆိုင်ရာ ကိရိယာများကို ဈေးနှုန်းကုန်ကျစရိတ် သက်သာစွာဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ထုတ်လုပ်ရောင်းချ နိုင်အောင် ဦးစားပေး ဆောင်ရွက်နေကြောင်းသိရှိရပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး၊ အမြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages