မုံရွာပဲမျိုးစုံဈေးကွက် ကုလားပဲဖြူလုံးကြီးဈေးအမြင့်နဲ့အရောင်းအဝယ်သွက်

Fri, 07/28/2017 - 06:56 -- admin_ygn

     ဇူလိုင်တတိယပတ်မှာ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေး ကွက် ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများကဲ့သို့ ကုလားပဲဖြူသီးနှံလည်း ပြည်ပက အဝယ်လိုက် လာလို့ အခုအချိန်မှာ ဈေးအမြင့်ဆုံးနဲ့ အရောင်းအဝယ် လည်း သွက်လာကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ ကျော်အဝင်ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ယခုတစ် ပတ် ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး နှုန်းများမှာ ကုလားပဲ ဖြူလုံးကြီး ဠ၂ကျပ် ၄၂၅၀၀၊ ဠ၇ကျပ် ၄၉၀၀၀၊ ၉၂၉ ကျပ် ၃၉၅၀၀၊ ထိုင်ဝမ်ကျပ် ၃၉၂၀၀ အသီးသီး ပေါက်လျက်ရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းထက်   ဈေး မြင့်တက်လာကြောင်း တွေ့ရပါတယ်။ ယခင်နှစ် ကာလတူ အချိန်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်ပေါက်ဈေးနှုန်း မှာ ယခင်နှစ် ကာလတူပေါက်ဈေးနှုန်းကိုမီကြောင်း တွေ့ရပါ တယ်။ ယခုအချိန်မှာ တောင်သူများအနေဖြင့်လည်း ဈေး ကောင်းရနေတာကြောင့် ဈေးကွက်သို့ တင်ပို့ရောင်းချမှုများ လာသလို ဝယ်လက်ကလည်း ဝင်သလောက်အဝယ်ရှိပြီး အရောင်းအဝယ်သွက်နေတဲ့ သီးနှံဖြစ်ကြောင်း မုံရွာကုန်စည် ဒိုင်ရပ်ကွက်မှ သိရပါတယ်။
ကြည်ကြည်နွယ်(မုံရွာ)

 

Border Trade News

Pages