ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ တင်ပို့

Mon, 01/23/2017 - 08:49 -- admin_ygn

ဇန်နဝါရီ ၇ ရက်မှ ၁၃ ရက် အထိ သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၃ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ငါးစုံလေး ခြောက် ၂၄၈ တန်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်ကထက် ငါးနီတူခြောက် ၁၄ တန် နဲ့ ငါးစုံလေးခြောက် ၂၃၈ တန် ပိုမို တင်ပို့ခဲ့ပါတယ်။ ယင်းသို့ပိုမိုတင်ပို့ခဲ့ ခြင်းမှာ ယခုတစ်ပတ်မှာ မောင်တော ကုန်သွယ်ရေးစခန်းမှ ငါးနီတူခြောက်နဲ့ ငါးစုံလေးခြောက်များ ပြန်လည် တင်ပို့ လာခဲ့ခြင်းကြောင့် ဖြစ်တယ်လို့သိရပါ တယ်။
တင်ပို့မှုကို ကြည့်ပါက စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၀၅ သန်း တန်ဖိုးရှိ ငါးနီတူခြောက် ၃ တန်၊ မောင်တောကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ ငါးနီတူခြောက် တန် ၂၀ နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ငါးစုံလေး ခြောက် ၂၄၈ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။        
  ခင်မိုးသူ

 

Border Trade News

Pages