ပြန်လှည့်မောင်းနှင် ထွက်ပြေးသည့်ယာဉ်ပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးအရွယ်စုံ ၁၀၀၂ ကီလိုဂရမ်ကျော်သိမ်းဆည်း

Mon, 01/12/2015 - 15:09 -- admin_ygn

  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်စခန်းထုတ်နုတ် Mobile Team အဖွဲ့ ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မော်တော်ယာဉ်များကိုစစ်ဆေးနေစဉ် ဇန်နဝါရီ လ ၄ ရက် ၁၆း၀၀ ချိန်မှာ လားရှိုးဘက်မှ မောင်းနှင်လာတဲ့ Toyota Ipsum ယာဉ်အမှတ် 1G/xxxx  ဟာပို့ကုန် Mobile Team  အဖွဲ့စစ်ဆေးမှုပြုလုပ်တဲ့ နေရာမရောက်မီ မှာ ပြန် လှည့်မောင်းနှင်ထွက်ပြေးခဲ့ ပါတယ်။ ထိုယာဉ်နောက်သို့ ယာဉ်များဖြင့် လိုက်လံပိတ်ဆို့တားဆီးမှုပြုခဲ့ရာ ယာဉ်ပေါ်မှ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ ၁၈ တုံး၊ အလေးချိန်အားဖြင့် ၁၀၀၂ ဒသမ ၇၈ ကီလို ဂရမ်၊ ခန့်မှန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀၀၀ ခန့်အားစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကျောက်စိမ်းလို့ယူဆရ တဲ့ ကျောက်များကို တရားမဝင်သယ်ဆောင်လာတဲ့ယာဉ်ဟာလည်း တရားမဝင်သယ်ဆောင်လာကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်အရေး ယူဆောင်ရွက်သွားမယ်လို့သတင်းရရှိပါတယ်။

DCCA

 

Border Trade News

Pages