ဆူဒိုအဖက်တမင်းဆေးပြား ၁၅ သိန်းဖမ်းဆီးရမိ

Tue, 01/20/2015 - 14:19 -- admin_ygn

   ၂၀၁၅ ဇန်နဝါရီလ ၁၃ ရက် ၂၄း၀၀နာရီချိန်တွင် နယ်စပ်ဂိတ်အမှတ် ၁ နှင့် နမ့်ဖာလုံဈေးအကြား နယ်စပ်အနီးတွင် လုံခြုံရေးတာဝန်ယူထားသော ရှေ့တန်း စစ်ကြောင်း၊ လုံခြုံရေးတပ်စုအခြေပြုရာ ကင်းစခန်းရှေ့မှ ဆန်အိတ်များသယ်ဆောင်လာသည်ဟုပြောပြီး ဆူဒိုအဖက်တမင်းဆေးပြားအိတ်များသယ်ဆောင်သွားကြောင်း၊ တမူးမြို့နယ်မူးယစ် ရဲတပ်ဖွဲ့မှ သတင်း ရရှိခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တမူးမြို့၊ ဈေးတန်း (၈)ရပ်ကွက်ရှိ  ဦး xxx နေအိမ်အနောက်ဘက်တွင် သိုဝှက်ထားသည့် ဆူဒိုအဖက်တမင်းဆေးပြား ၁၅ သိန်း၊ တန်ဖိုး ရူပီးသိန်း ၁၂၀  (ကျပ် ၁၈၉၆ သိန်း) ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ ဆူဒိုအဖက် တမင်းဆေးပြားသည် စိတ်ကြွဆးထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသိရှိရသည်။ ဖမ်းဆီးရမိမှုအား OSS အစည်းအဝေးတွင် သတင်းချပြဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ကနဦးသတင်းအရသိရှိရပါသည်။  

နေထက်မင်း (တမူး)

Border Trade News

Pages