ကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်ပိုမိုတင်သွင်း

Mon, 07/31/2017 - 08:46 -- admin_ygn

     ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူး ကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက်  ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။
တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၈၁၀၇ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၂၆၉ စီး၊ တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ  ဆိုင်ကယ် ၁၃ စီးနဲ့ ကန်ပိုက်တီကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုး ရှိ ဆိုင်ကယ်အစီး ၁၂၀ ကို တင်သွင်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။
နှစ်ဘီးဆိုင်ကယ်များအပြင် မူဆယ်ကုန်သွယ်ရေးဇုန် နဲ့ ကန်ပိုက်တီကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၈ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၄၂ စီး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။               
       ခင်မိုးသူ

 

Border Trade News

Pages