တောင်ကိုရီးယားနိုင်ငံ၏ အလှကုန်ပစ္စည်းထုတ်ကုန်များ အမေရိကန်ဈေးကွက်သို့ ဦးတည်လာ

Wed, 11/23/2016 - 07:04 -- admin_ygn

        အမေရိကန်နိုင်ငံတွင် အလှကုန်သုံးစွဲမှုပုံစံများ ပြောင်းလဲလာသည့်အတွက် ကိုရီးယား အလှကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် ၎င်းတို့၏ ထုတ်ကုန်များကို ကမ္ဘာ့ အကြီးဆုံးဈေးကွက်ဖြစ်သည့် အမေရိကန်ဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြသည်။ ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအလှကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသည် အမေရိကန်နိုင်ငံ တွင် ဆိုင်များဖွင့်လှစ်ရောင်းချနိုင်ရန် အကောင်းဆုံးနေရာများ ရွေးချယ် လျက်ရှိကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံမှ အလှကုန် သုံးစွဲသူ များအနေ ဖြင့် ကိုရီးယားနိုင်ငံ အလှကုန်များကို ပိုမိုနှစ်သက်လာနိုင်ဖွယ်ရှိကြောင်း၊ အကြောင်းအရင်းမှာ ကိုရီးယားအလှကုန်များသည် ဓာတုဗေဒပစ္စည်း သုံးစွဲ မှုမရှိဘဲ သဘာဝ မှရရှိသော ပစ္စည်းများကိုအခြေခံပြီး ထုတ်လုပ်ထားခြင်း ကြောင့် ဖြစ်သည်ဟု Korea Trade and Investment Promotion Agency ၏ အစီရင်ခံစာများအရ သိရှိရသည်။
       ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ အလှကုန် ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၅ သန်းသို့ ရောက်ရှိခဲ့ ပြီး ၂၀၁၄ ခုနှစ်က ထက် ၇၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကို တွေ့ရှိရသည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဈေးကွက်ဝေစုရရှိမှုတွင် ပဉ္စမမြောက်အကြီးမားဆုံးနိုင်ငံဖြစ်သည် ဟု KOTRA ၏ အစီရင် ခံစာများအရသိရှိရသည်။ တောင်ကိုရီးယားနိုင်ငံမှ အလှကုန်များသည် အမေရိကန် ဈေးကွက်တွင် ၆ ဒသမ ၈၄ ရာခိုင်နှုန်း နေရာယူထားပြီး ပြင်သစ်၊ တရုတ်၊ ကနေဒါနှင့် အီတလီနိုင်ငံတို့က ကိုရီးယားအလှကုန်ဈေးကွက်ကို အစဉ်လိုက် နေရာယူထားကြောင်း သိရှိရသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဆိုးလ်မြို

International Trade News

Pages