အောက်တိုဘာလအတွင်း ကုန်သွယ်ရေးဇုန်များနဲ့ စခန်းများမှ ကြက်သွန်နီ တန်ချိန်သုံးထောင်ကျော် တင်ပို့

Tue, 11/08/2016 - 08:03 -- admin_ygn

     အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတန် ၁၈၀ဝ ကျော်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  တန် ၈၀ဝ ခန့်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၄၂၀ နီးပါးနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။
        အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်တွင် မူဆယ်မှ အမေရိ ကန်ဒေါ်လာ ၁၁၇၀ဝ၀ တန်ဖိုးရှိ ကြက်သွန်နီတန် ၆၀ဝ၊ မြဝတီမှ ၂၆၁ တန်ကျော်နဲ့ တာချီလိတ်မှ တန် ၂၀ဝ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်မှ တန် ၆၀ဝ၊ မြဝတီမှ ၁၅၃ တန်ကျော်နဲ့ တာချီလိတ်မှ  ခြောက်တန်တင်ပို့ ခဲ့လို့ ကြက်သွန်နီတန် သုံးရာကျော် ပိုမိုတင် ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်ရဲ့ အောက်တိုဘာ ၂၈ ရက် ကြက်သွန်နီဈေးမှာ ဆိပ်ဖြူရှယ်(သစ်) တစ်ပိဿာ ၇၅၀ ကျပ်၊ လတ်ကြီး ကျပ် ၆၀ဝ နဲ့လတ်ချော ၂၂၅ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages