မြေသြဇာတန်ချိန်တစ်သောင်းကျော်ဝင်

Wed, 02/01/2017 - 07:43 -- admin_ygn

         ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက် အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၀၁၈၄၉၃၄ တန်ဖိုးရှိ မြေသြဇာ၁၁၁၉၇ ဒသမ ၉၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်  တရုတ်နိုင်ငံမှ တန်ချိန်  ၈၅၉၀၊ အိန္ဒိယနိုင်ငံမှ ၄၅တန်၊ ဂျပန်နိုင်ငံမှ တန်ချိန်၂၀၀၊ မလေးရှားနိုင်ငံမှ ၁၀ ဒသမ၃၉၂ တန်၊ ရုရှားနိုင်ငံမှ ၉၉၈ ဒသမ ၈၇၇တန်၊ ထိုင်းနိုင်ငံမှ တန်ချိန်၇၂၀၊ တာ့ခ်မေးနစ္စတန် နိုင်ငံမှ တန်ချိန်၄၈၀၊ ယူကေနိုင်ငံမှ ၇ ဒသ မ ၆၆၁ တန် နဲ့ ဗီယက်နမ်နိုင်ငံမှ ၁၄၆ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ အမိုးနီး ယားဆာလဖိတ်၊ ယူရီးယား၊ ပိုတက်ဆီယမ်၊ ပိုတက်၊ အာမို ၊ ကွန်ပေါင်း တို့ဖြစ်ပါ တယ်။ ယခင်သီတင်း ပတ် မြေသြဇာအဝင်  တန်ချိန် ၉၉၀၀  ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၂၇၀ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Border Trade News

Pages